BLOG

Office
Layout

Coronavirus will likely change the way office space looks and works! It’s been a while since we started working for home. Some of our friends are getting bored at home and wishing to return to office, some loving it as WFH saves both time and energy.

Image

Nonetheless when we are back at office even after the crisis, office space will probably have to be altered in order for people to feel safe being there. Back in the days, office plans were prioritized to give employees a semblance of privacy.

Offices these days used to have offices inside, at least cubicles that would divide up larger space and give employees a sense of privacy. Lately “Open Office” practice is getting more preferred as it brings a cool look and feel, more closeness among colleagues. As companies have also been trying to do more with less space, “Open Office” have been the perfect choice!

Packing more and more people into open office spaces, this practice is known as “densification.” But considering the changes coming along with the crisis, will that kind of open space still be a favorite choice?

Image

Taking a look from public health perspectives, it doesn’t seem to be okay altogether to sit close to each other in a limited space. The loved “Open Space” is now a precarious ground without any reliable protection between us and our colleagues’ germs. We might be positioned back to each other, with more space between us, instead of sitting next to each other, face to face. We might even need personal space or private offices. A conference room that fit for 10 persons may now only fit for 5 persons. Might need to expect greater space and less seating options even in the space like kitchen. As Kate North, Vice President of work place strategy for Colliers International real estate company, said: “Every configuration of every floor plan should be assessed to look at distancing and safety.” This shows that the cycle might go round again_ reintroducing various types of berries between desks, including much-maligned cubicles that will block the passage of germs between us.

Covid-19 အလွန်ကာလမှာဖြစ်လာနိုင်တဲ့ အလုပ်ခွင်နေရာအခင်းအကျင်း အပြောင်းအလဲတွေ

Work From Home နေကြတာလည်း တစ်လကျော် နှစ်လနီးပါးထဲဝင်လာပြီနော်။ ရုံးကိုလွမ်းလှပြီ ဆိုတဲ့သူတွေလည်း တွေ့ရ၊ တချို့လည်း အိမ်ကနေ အလုပ်လုပ်ရတာ time ရော၊ energy ပါ save ဖြစ်လို့ သဘောကျတဲ့သူတွေလည်း တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Covid-19 ကြီးပြီးသွားလို့ ရုံးပြန်တက်ရပြီဆိုရင်တောင် ရုံးနေရာအခင်းအကျင်းတွေကတော့ အပြောင်းအလဲတွေဖြစ်လာမှာ အသေအချာပါပဲ။ ဟိုးအရင်ခေတ်တုန်းက ရုံးတွေရဲ့ ပုံစံက privacy ဦးစားပေးပုံစံမျိုးတွေပါ...အလုပ်စားပွဲတွေကို တစ်ယောက်စာ cubicle တွေနဲ့ ပိုင်းထားတာမျိုး၊ ဒါမှမဟုတ်လည်း ရုံးထဲမှာမှ ကိုယ်ပိုင်ရုံးခန်းကိုယ်စီနဲ့ရှိကြတဲ့ Office Style ပါ။ အဲဒီကနေမှ နောက် တဖြည်းဖြည်းနဲ့ Open Office လို ရုံးပုံစံတွေ တစတစ ခေတ်စားလာခဲ့ပါတယ်။ Opne Office တွေက cool ဖြစ်တဲ့ပုံပေါ်တယ်၊ လုပ်ဖော်ကိုင်ဘက် အချင်းချင်း ပိုပြီးရင်းနှီးနွေးထွေးတယ်လို့ ခံစားရတယ်၊ ပြီးတော့ နေရာလည်းအများကြီးမလိုတော့ company တွေ သဘောကျတဲ့ Office arrangement မျိုးဖြစ်လာပါတယ်။ ဒီလို နေရာကျဉ်းကျဉ်း၊ လူများများအလုပ်လုပ်နိုင်တဲ့ practice မျိုးကိုတော့ “densification” လို့ခေါ်ပါတယ်။  ဒါပေမယ့် Covid-19 ကာလနောက်ပိုင်းမှာတော့ ဒီလို Open Office တွေက ဆက်ပြီးအဆင်ပြေနိုင်ပါတော့မလား။ ကျန်းမာရေးရှုထောင့်ဘက်ကကြည့်ရင် လုပ်ငန်းခွင်မှာ အရင်လို space ကျဉ်းကျဉ်းလေးမှာ နီးနီးကပ်ကပ်ထိုင်ဖို့က သိပ်အဆင်မပြေတော့ဘူး။ အရင်က Open Space လို့ယူဆခဲ့တဲ့အလုပ်ခွင်ဟာ ခုချိန်မှာ တစ်ယောက်နဲ့တစ်ယောက်ကြား ပိုးမွှားတွေကို ကာကွယ်ပေးမယ့် အကာအကွယ်တစ်ခုမှမရှိသလို ဖြစ်နေပါတယ်။

ရုံးပြန်တက်ကြတဲ့အခါ အရင်လို ဘေးချင်းကပ်၊ မျက်နှာချင်းဆိုင်ထိုင်ကြမယ့်အစား နောက်ကျောကပ်၊ ခပ်ခွာခွာထိုင်ဖို့ လိုလာပါတယ်။ ကိုယ်ပိုင်နေရာ ဒါမှမဟုတ် ကိုယ်ပိုင်ရုံးခန်းတွေ လိုအပ်လာနိုင်ပါတယ်။ အရင်က ဆယ်ယောက်လောက် အတူထိုင်ပြီး meeting လုပ်နိုင်တဲ့ conference room တွေကလည်း ခုဆို ငါးယောက်လောက်အတွက်ပဲ သင့်တော်တော့မယ်။ ရုံးတွေမှာဆိုရင် အလုပ်လုပ်တဲ့နေရာတင်မကဘူး၊ kitchen လိုနေရာမျိုးကအစ နေရာကျယ်ကျယ်၊ ထိုင်စရာသိပ်မလိုတဲ့နေရာမျိုးဖြစ်ဖို့ လိုလာပြီလေ...။ Colliers International အိမ်ခြံမြေကုမ္ဗဏီရဲ့ work place strategy ရဲ့ ဒုက္ကဌဖြစ်သူ Kate North ပြောသလိုပါပဲ။ “Floor plan တိုင်းရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီက တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေနိုင်ဖို့ (distancing) အတွက်နဲ့ ဘေးကင်းလုံခြုံမှု (safety) အတွက် အဆင်ပြေဖို့လိုပါတယ်။” ဒီအချက်ကိုကြည့်ရင် ဒီကရှေ့Office furniture ရွေးချယ်မှုတွေက ဟိုးအရင်ကလိုပဲ အလုပ်စားပွဲတွေကြားမှာခြားဖို့ barrier အမျိူးမျိုးတွေ ပြန်ခေတ်စားလာမယ်၊ တစ်ယောက်နဲ့တစ်ယောက်ကြား ပိုးမွှားတွေမကူးနိုင်အောင် ကာထားမယ့် cubicle type တွေကို ပိုပြီးရွေးချယ်လာကြမယ့် အရိပ်အယောင်ပါပဲ။

Image