BLOG

Restaurant
Industry

The restaurant industry has been one of the hardest-hit sectors of the economy. With stay-at-home orders affecting many regions, it has become impossible for people to go out to eat like they used to. Now that some restrictions are being lifted, the question stands: how will coronavirus change the restaurant industry and impact on F&B furniture market?

Image

Curbside Delivery

A major shift that will occur, even after the virus is gone, will be towards curbside delivery. In fact, this is one of the only reasons why some restaurants have been able to continue bringing in revenue during the lockdown. Off-premise delivery is here to stay. Customers enjoy the convenience it brings, and once people become accustomed to something, it is difficult to take it away from them. Also, with people conditioned to practice social distancing, they will be wary of going into places where there are large crowds of people, at least for some time.

Image

Mobile Ordering Technology

Another change that is here to stay is mobile ordering technology. Who wants to risk touching a menu book that so many others have been touching? Using a mobile app or QR code that able to download a menu with our own phone is what people will be looking to do. This also is a more convenient option for people to order the food at restaurant.

Image

Touchless Payment Systems

A third change in the restaurant industry due to the coronavirus is the increased use of touchless payment systems like many mobilepay apps. This is a type of system that does not require handling cash, key in passcode, or using a credit card in the traditional way. It is both an off-premise and on-premise method of payment that allows for contactless payment. With safety on everyone’s mind, the use of a system that requires as little contact as possible is something that will be preferred.

Image

Less Investment in Physical Locations

Undoubtedly, given the lack of customers at restaurant locations, the rate of investment into features like restaurant furniture has plummeted. Given how severe the shutdown has been, along with how be afraid people are to eat out, it is likely that investments by restaurants into restaurant furniture will be significantly lower for up to two years. This is because their cash flows are, and will continue to be, much lower than they were pre-pandemic. The miniscule cash flows they do get will be injected into more immediate needs.

Image

The Restaurant Industry Is Adapting

Change can be a good thing. These three changes to how food is ordered, paid for, and delivered, provide greater optimization and convenience, which is something consumers are always on the lookout for. The restaurant industry may be suffering some financial hardships right now, but it will bounce back. It has proven itself to be highly resilient and will come out better from all of this.

ကိုရိုနာဗိုင်းရပ်စ်က စားသောက်ဆိုင်လုပ်ငန်းအတွက် ဘယ်လိုအပြောင်းအလဲတွေ ဆောင်ယူလာမလဲ

ခု ဒီ Covid-19 ကာလကြီးအတွင်း အထိနာတဲ့စီးပွားရေးလုပ်ငန်းတွေထဲမှာ စားသောက်ဆိုင်တွေလည်း အပါအဝင်ပါပဲ။ အိမ်မှာပဲနေကြဖို့ နှိုးဆော်ချက်တွေနဲ့အတူ Stay-at-home အမိန့်ထုတ်ထားတဲ့ မြို့နယ်တွေလည်း ပိုပိုများလာတော့ အရင်လို အပြင်ထွက်၊ စားသောက်ကြဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ ခုတော့ တချို့တင်းကျပ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လျှော့ပေးလိုက်ပြီဆိုတော့ မေးစရာမေးခွန်းလေးတွေလည်း ပေါ်လာပါတယ်။ “ကိုရိုနာဗိုင်းရပ်စ်က စားသောက်ဆိုင်လုပ်ငန်းတွေကို ဘယ်လိုပြောင်းလဲပစ်နိုင်သလဲ၊ F&B furniture ဈေးကွက်အတွက် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။”

အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့စနစ်

ဒီ Covid-19 ကာလကြီးပြီးသွားပြီဆိုတဲ့အချိန်မှာတောင် ကြီးကြီးမားမားအပြောင်းအလဲဖြစ်ကျန်ခဲ့မှာကတော့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့စနစ်ကို အရင်ကထက် ပိုအသုံးများလာမှာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီလို အိမ်တိုင်ရာရောက်ပို့ပေးနိုင်သေးလို့သာ တချို့စားသောက်ဆိုင်တွေက Lockdown အတွင်းမှာတောင် ဆက်လည်ပတ်နိုင်နေသေးတာ ဖြစ်ပါတယ်။ စားသုံးသူတွေက အိမ်အရောက်လာပို့တဲ့စနစ် ရဲ့ အဆင်ပြေလွယ်ကူမှုကို သဘောကျနေကြပြီဆိုတော့ အိမ်အရောက်မှာစားတာက ဆက်ပြီးရှိနေမှာပါ။ ပြီးတော့ လူတွေရဲ့အမူအကျင့်ကလည်း တစ်ခုခုကို စွဲမိပြီဆိုရင် ဖျောက်ဖို့ခက်သလို Social Distancing ကို ကျင့်သုံး၊ အသားကျနေကြသူတွေအဖို့ လောလောဆယ်တော့ လူများများရှိတဲ့နေရာသွားဖို့ကို ရှောင်နေဦးမယ့် သဘောရှိပါတယ်။

ဖုန်းနဲ့ အော်ဒါတင်တဲ့နည်းပညာ

နောက်ထပ် ဆက်ပြီးရှိနေမယ့် အပြောင်းအလဲတစ်ခုကတော့ ဖုန်းနဲ့အော်ဒါမှာတဲ့ နည်းပညာပါ။ လူတကာကိုင်ထားတဲ့ မီနူးစာအုပ်ကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး အစားအသောက်ရွေးရမှာကို ဘယ်သူမှလုပ်ချင်တော့မှာ မဟုတ်ပါဘူး။ စားသုံးသူတွေဟာ ကိုယ့်ဖုန်းနဲ့ကိုယ်ပဲ Menu ကို Mobile app ဒါမှမဟုတ် QR code နဲ့ download ချလိုက်ပြီး အစားအသောက်ရွေးတာမျိုးပဲ လုပ်ချင်ကြပါတော့မယ်။ စားသောက်ဆိုင်တွေမှာဆိုရင်လည်း ဒါ ပိုပြီးအဆင်ပြေလွယ်ကူတဲ့ order နည်းတစ်မျိုးဖြစ်လာပါတယ်။

ထိတွေ့မှုကင်းတဲ့ ငွေချေစနစ်

ကိုရိုနာဗိုင်းရပ်စ်နောက်ဆက်တွဲ တတိယပြောင်းလဲမှုကတော့ mobilepay လို app တွေအသုံးပြုပြီး ထိတွေ့မှုကင်းကင်းနဲ့ ငွေရှင်းတဲ့စနစ်ပါပဲ။ ခါတိုင်းလို cash လည်းကိုင်စရာမလို၊ passcode တွေလည်း နှိပ်စရာမလို၊ credit card အသုံးပြုစရာလည်းမလိုတဲ့ စနစ်တစ်ခုပါ။ ဆိုင်မှာသွားစားတာပဲဖြစ်ဖြစ်၊ အိမ်ကိုလာပို့တာပဲဖြစ်ဖြစ် နှစ်မျိုးလုံးအတွက် ထိတွေ့စရာမလိုတဲ့ ငွေချေစနစ်တစ်ခုဖြစ်ပါတယ်။ အားလုံးရဲ့စိတ်ထဲမှာ ဘေးကင်းစိတ်ချရရေးက နံပါတ် (၁) ဖြစ်နေတဲ့အချိန်မှာတော့ ထိတွေ့မှုနည်းတဲ့စနစ်ဖြစ်လေလေ လူကြိုက်ပိုများလေလေ ဖြစ်မှာ အမှန်ပါပဲ။

နေရာထိုင်ခင်းအတွက် ရင်းနှီးမြှုပ်နှံမှု နည်းသွားခြင်း

ဆိုင်မှာလာစားမယ့် စားသုံးသူနည်းသွားတာနဲ့အမျှ ဆိုင်အတွက်လိုအပ်မယ့် restaurant furniture တွေအတွက် ရင်းနှီးမြှု့ပ်နှံတဲ့နှုန်းကလည်း ကျဆင်းသွားမှာ စဉ်းစားစရာမလိုပါဘူး။ Shutdown ဖြစ်တဲ့အချိန်ကြာလာလေလေ၊ Shutdown ဖြစ်တဲ့နေရာတွေများလာလေလေ လူတွေကလည်း အပြင်ထွက်စားဖို့ကို တွန့်ဆုတ်လာလေလေပါပဲ။ ဒီတော့ စားသောက်ဆိုင်တွေအနေနဲ့ furniture အတွက် ရင်းနှီးမြှုပ်နှံမှုက အနည်းဆုံး နောက်နှစ်နှစ်လောက်ထိတော့ သိသိသာသာလျော့နည်းနေဦးမှာပါ။ စားသောက်ဆိုင်တွေရဲ့ ဝင်ငွေထွက်ငွေစီးဆင်းမှုကလည်း ကပ်ကြီးမဖြစ်ခင်က အချိန်ထက်စာရင် တော်တော်လေးကျသွားသလို အချိန်တစ်ခုထိအောင် ဒီအတိုင်းဆက်ဖြစ်နေဦးမှာကြောင့်လည်း ပါပါတယ်။ နည်းပါးသွားတဲ့ဝင်ငွေကို furniture ထက်ပိုပြီး လတ်တလောလိုအပ်မယ့်အရာတွေအတွက်ပဲ သုံးကြမှာပါ။ စားသောက်ဆိုင်လုပ်ငန်းက ပြောင်းလဲမှုနဲ့အမီလိုက်နေပါတယ် အပြောင်းအလဲတွေကလည်း ကောင်းဖို့ဖြစ်လာနိုင်ပါတယ်။ အခုလို အစားအသောက်တွေကို အော်ဒါမှာပုံ၊ ငွေပေးချေပုံ နဲ့ အိမ်အရောက်ပို့ဆောင်ပုံ အပြောင်းအလဲတွေကလည်း စားသုံးသူတွေ တစ်ချိန်လုံးမျှော်နေခဲ့တဲ့ အရာတွေပါပဲ။ ဖြစ်စဉ်တစ်ခုလုံးဟာ နှစ်ဘက်လုံးအတွက် ပိုပြီးထိရောက်မြန်ဆန်၊ အဆင်ပြေလွယ်ကူစေပါတယ်။ လောလောဆယ်အနေနဲ့တော့ စားသောက်ဆိုင်တွေဟာ ငွေရေးကြေးရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရကောင်း ရင်ဆိုင်နေရနိုင်ပါတယ်။ ဒါပေမယ့် ဒါကပဲ ဒီလုပ်ငန်းတွေဟာ အကျပ်အတည်းထဲမှာလည်း ခံနိုင်ရည်ရှိပြီး ပိုပြီးကောင်းမွန်တဲ့ အတွေးအကြံတွေနဲ့ ရလဒ်တွေကို ဖော်ဆောင်လာနိုင်မယ်ဆိုတာ သက်သေပြနေတယ် မဟုတ်လား။

Image